Tips for Students

ကျောင်းသားတစ်ယောက်သည်မည်သည့်နေရာမည်သည့် ဘာသာရပ်ကို သင်ယူနေသည် ဖြစ်စေ မိမိ၏တာဝန်ကို သိရှိနားလည်ရန်မှာ အရေးကြီးပါသည်။ သင်၏ဆရာက သင့်အတွက် ဗဟုသုတနှင့် တိုးတက်ရန် အခွင့်အလမ်းများကို မည်မျှပင် လမ်းညွှန်ဖော်ဆောင် ပေးနေပါသော်လည်း သင်ကိုယ်တိုင်ကြိုးစားမှသာ သင်၏ ဘာသာစကားစွမ်းရည် တိုးတက်မည်ဖြစ်ပါသည်။ သင်ကြားသူဆရာ၏ တာဝန်မှာ သင်ကြား ဆုံးမပေးရန်ဖြစ်ပြီး သင်ယူသူ ကျောင်းသား၏ တာဝန်မှာ သင်ယူ လိုက်နာတတ်ရန် ဖြစ်ပါသည်။

  • ဆရာနှင့် မိမိ၏ အတန်းဖော်များကိုလေးစားပါ။ သင်၏ ဆရာသည် သင့်အတွက် ပျော်ရွှင်ဖွယ် အကျိုးရှိသော သင်ခန်းစာများကို ပြင်ဆင်ရန် အချိန်နှင့် ဥာဏအား စိုက်ထုတ်ထားပါသည်။ ဆရာလုပ်ခိုင်းသော Activities များကိုလိုက်နာပါဝင်လုပ်ဆောင်ပါ။ Nexus သည် ဘာသာစကား သင်ယူလေ့လာရန်နှင့် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားစေနိုင်သော သင့်အတွက် နေရာကောင်းတစ်ခု ဖြစ်ပေသည်။
  • မိမိ၏ အတန်းချိန်ကိုလည်းတိကျပါ။ သင်၏ ဆရာသည် စာသင်ချိန်ကို သတ်မှတ်ထားသော အချိန်တွင် အတိအကျ စမည် ဖြစ်သည်။ ဆရာနှင့် မိမိ၏ အတန်းဖော်များကို ရိုသေလေးစားသောအားဖြင့် အတန်းချိန်ကို နောက်မကျပါစေနှင့်။
  • အင်္ဂလိပ်စကား ပြောဆိုရာ၌ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းသည် အဓိကသော့ချက်ဖြစ်သည်။ အမှားပါသွားသည်မှာ ပြဿနာမရှိပါ။ မှားမည်ကိုလည်း မစိုးရိမ်ပါနှင့်။ သင်မှားနေလျှင် သင့်ဆရာက ပြင်ပေးပါလိမ့်မည်။ တခုခုနားမလည်လျှင် မေးမြန်းရန် မရှက်ပါနှင့်။ဆရာကိုချက်ချင်း မေးပါ။ နားမလည်သေးလျှင် ထပ်ရှင်းခိုင်းပါ။ ဥပမာနှင့်တကွ သင်ကြားခိုင်းပါ။ သင်လက်မြောက်ရုံနှင့် ဆရာကို မေးခွန်းအလွယ်တကူ မေးနိုင်ပါသည်။ မကြားလိုက်မမီလိုက်ပါကလဲ ပြန်လည်၍ ရှင်းလင်းပြောပြစေနိုင်ပါသည်။
  • သင်၏အတန်းဖော်များကို လေးစားပါ။ ကျားမမရွေး အသက်အရွယ်မရွေးမည်သည့် လူမျိုးဘာသာကိုမဆို ယဉ်ကျေးပျူငှါစွာ ဆက်ဆံပါ။ မျက်နှာလိုက်မှု ဘက်လိုက်မှု မရှိပါစေနှင့်၊၊
Developed by Information Matrix.