အဘယ်ကြောင့် Nexus အင်္ဂလိပ်စာ?

Nexus ကို 2010, ဇွန်လတွင် ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ Nexus ၏ကောင်းမွန်သောသင်ကြားခြင်းများ၊ သာလွန်သော ဝန်ဆောင်မှု များကြောင့် ကျောင်းသားကျောင်းသူများစိတ်ကျေနပ်မှုပြည့်ဝကာ ပို၍လူသိများလာပါသည်။ ကျွန်ုပ်တို့၏ အရည်အသွေးမြင့် လက်တွေ့အသုံးဝင်သော အင်္ဂလိပ်စာအတန်းများကိုသင့်တော်သော ဈေးနှုန်းများဖြင့် သင်ကြားပို့ချပေးနေပါသောကြောင့် လူကြီးမင်းတို့ စိတ်ကျေနပ်မှု အပြည့်အဝ ရစေလိမ့်မည်ဟုယုံကြည်ပါသည်။ကျွန်ုပ်တို့သည်အရည်အသွေးမြင့်မား၍ ထိရောက်သောသင်ကြားမှုကိုသင့်တင့်သောဈေးနှုန်းဖြင့် သင်ကြားပေးခြင်းအားဖြင့် "အများစုတက်နိုင်သောပညာရေး" ပန်းတိုင်သို့ရှေ့ရှုပါသည်။
အောက်ဖော်ပြပါအချက်များသည် Nexus ကိုရွေးချယ်တက်ရောက်မှုမှာ သင့်အတွက်မှန်ကန်ကြောင်း သက်သေပြပါလိမ့်မည်။

အတွေ့အကြုံရင့်ကျက်သော အရည်အချင်းပြည့်ဝသည့် နိုင်ငံခြားသားဆရာများ
နောက်ဆုံးပေါ် ခေတ်မီသင်ရိုးညွှန်းတမ်း စာအုပ်များ
အတန်းတစ်တန်းလျှင် သင်တန်းသား ၁၆ ယောက်သာ ကန့်သတ်ထားသော အတန်းများ
သင့်တော်သောဈေးနှုန်း
ခေတ်မီသင်ထောက်ကူပစ္စည်းများ
စာကြည့်တိုက်နှင့် အခမဲ့ wifi

 

အတွေ့အကြုံရင့်ကျက်သော အရည်အချင်းပြည့်ဝသည့် နိုင်ငံခြားသားဆရာများ

Native Speakers များနှင့် သင်ယူရသည့် အကျိုးကျေးဇူးမှာ အလွန်ကြီးမားပါသည်။ အင်္ဂလိပ်စာကို Native တစ်ယောက် မဟုတ်သောသူဆီမှ အခြေခံအစကတည်းမှ သင်ယူခြင်းသည် သင့်ကို မှားယွင်းသော အသံထွက်နှင့် နည်းလမ်းမကျသော မှားယွင်းမှုများကြုံတွေ့နိုင်မှာဖြစ်ပြီး ထိုအသားကျ သွားသောအမှားများကို ပြန်လည်ပြင်ဆင်ရန် မှာလည်း အလွန်ခက်ခဲပေလိမ့်မည်။ Native Speakers များမှာမူသင့်ကို ခေတ်မီသော အင်္ဂလိပ်စာ အသုံးအနှုန်း ဝေါဟာရများ၊ အသုံးဝင်သောစကားပုံများ၊ မှန်ကန်သောအသံထွက်များ၊ နည်းစနစ်ကျသောသဒ္ဒါများ နှင့် တခြားသောအင်္ဂလိပ်စာဆိုင်ရာအသုံးအနှုန်းများကို မှန်ကန်စွာသင်ကြားပို့ချပေးနိုင် ပေလိမ့်မည်။

Native Speakers တစ်ယောက် ဖြစ်ရုံနှင့် မလုံလောက်သေးပါ။ ကျွန်ုပ်တို့၏ဆရာများမှာ သင်ကြားမှုအတွ့အကြုံရင့်ကျက်ပြီး အရည်အချင်းပြည့်ဝသော အနောက်နိုင်ငံများမှဘွဲ့များအပြင် TESOL , CELTA စသည့် ဘွဲ့လွန်ဘွဲ့ရ ဆရာများဖြစ်ပါသည်။ Nexus မှ ဆရာများအားလုံးသည် ခေတ်မီကျောင်းသားဗဟိုပြု သင်ကြားရေးနည်းလမ်းများဖြင့် သင်ကြားပို့ချနေသည့်အပြင် အပြန်အလှန်တုံ့ပြန်သော
သင်ကြားမှုနည်းစနစ်များဖြင့် သင်ကြားသောကြောင့် ပျော်ရွှင်သောစိတ်တက်ကြွသော သင်ခန်းစာများဖြစ်ပါသည်။ ကျောင်းတွင် ဆရာများကို ခန့်အပ်ရာမှာလည်း သူတို့၏ ပင်ကိုစရိုက်ကိုလည်း ထည့်သွင်းစဉ်းစားထားပါသည်။
ထို့ကြောင့် Nexus ဆရာများအားလုံးသည် ဖော်ရွေပြီး ကျောင်းသားအားလုံးနှင့် လိုက်လျောညီထွေရှိသည့်အပြင် ဗဟုသုတ ကြွယ်ဝကြောင်းကိုလည်း သင်မြင်တွေ့ရမှာပါ။

နောက်ဆုံးပေါ် ခေတ်မီသင်ရိုးညွှန်းတမ်း စာအုပ်များ
မြန်မာနိုင်ငံမှ တခြားသော အင်္ဂလိပ်စာကျောင်းအများစုနှင့်မတူရခြင်းမှာ Nexus သည် ခေတ်မီနာမည်ကြီးသင်ရိုးညွှန်းတမ်းနောက်ဆုံးပေါ် စာအုပ်စာတမ်းများသာအသုံးပြုပါသည်။ ထိုကြောင့်မိမိတို့ သင်ယူလေ့လာရသော စာအုပ်စာတမ်းများသည် ခေတ်မီသင်ကြားရေးစနစ်၏ ရှေ့တန်းတွင်ရှိနေကြောင်း အသိပေးလိုပါသည်။မကြာခဏ စာအုပ်များကို Update ပြုလုပ်ပေးသဖြင့် ကျွန်ုပ်တို့၏ ခေတ်မီသင်ကြားမှုစနစ်ကိုယုံကြည်စိတ်ချနိုင်ပါသည်။ သင်ရိုးညွှန်းတမ်းစာအုပ်များရှိရုံနှင့် စာသင်ခန်းတစ်ခုကိုပြီးပြည်စုံပြီဟုမဆိုနိုင်ပါ။ အကောင်းဆုံးရွေးချယ်ထားသော နောက်ဆက်တွဲသင်ခန်းစာများလည်း ဖြည့်စွက် သင်ကြားပေးနေပါသည်။ တချို့သောကျောင်းများက ခေတ်ဟောင်းမှဟောင်းနွမ်းစာအုပ်များကိုသုံးနေချိန်တွင် ကျွနုပ်တို့ Nexus တွင် Cambridge, Oxford နှင့် Longman အစရှိသော ကျောင်းများမှ မကြာသေးခင်မှထုတ်ဝေဖြန့်ချိထားသော စာအုပ်များကိုသာ လက်စွဲအသုံးပြု သင်ကြားပို့ချပေးနေပါသည်။

အတန်းတစ်တန်းလျှင် သင်တန်းသား ၁၆ ယောက်သာ ကန့်သတ်ထားသော အတန်းများ
အတန်းထဲတွင် ကျောင်းသားများကို အကျိုးရှိသော အတွေ့အကြုံများသာ ရရှိစေလိုသည်မှာ ကျွန်ုပ်တို့ Nexus ၏ စေတနာဖြစ်ပါသည်။ ထို့ကြောင့် အခန်းတစ်ခန်းလျှင် သင်တန်းသား ၁၆ ဦးသာကန့်သတ်ထားပါသည်။ အတန်းထဲရှိ ကျောင်းသားတစ်ယောက်ချင်းစီကို ဆရာမှပိုမိုအာရုံစိုက်ပေးနိုင်စေရန် သာမကကျောင်းသားများမှလည်းသင်ကြားမှုတွင် အပြည့်အဝပါဝင်နိုင်စေရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။

သင့်တော်သောဈေးနှုန်း
မြန်မာနိုင်ငံတွင် သင့်တင့်မျှတသော သင်တန်းကြေးဖြစ်စေရန်နှင့် ပထမတန်း ပညာရေး ဝန်ဆောင်မှုကိုသာ ပေးစွမ်းနိုင်ရန်  ကျွန်ုပ်တို့ဘက်မှ အကောင်းဆုံး ကြိုးစားနေပါသည်။သင်၏ပညာရေးသည် သင့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘက်မှ အကောင်းဆုံးသော ဆရာများကိုသာ ရွေးချယ်ခန့်အပ်ထားပြီး အရည်အသွေးမြင့် နောက်ဆုံးပေါ် ခေတ်မီ သင်ရိုးညွှန်းတမ်း စာအုပ်များကိုသာ အသုံးပြု သင်ကြားခြင်း ဖြစ်ပါသည်။ သင်ပေးချေလိုက်သော ငွေကြေးနှင့် သင်ရရှိလိုက်သော ဝန်ဆောင်မှု ထိုက်တန်သည်ကို Nexus မှ ရဲရဲကြီး အာမခံပါသည်။

ခေတ်မီသင်ထောက်ကူပစ္စည်းများ
စာသင်ခန်းများထဲတွင် TV, CD/ DVD Players နှင့် Speakers များအပြင် Projector များကို တပ်ဆင်ပေးထားသောကြောင့် ကျောင်းသားများကို သင်ကြားရာတွင် အထောက်အကူများစွာဖြစ်စေပါသည်။ လျှပ်စစ်မီးပြတ်တောက်ချိန်တွင်လည်း အဆင်ပြေစေရန် မီးစက်များလည်းစီစဉ်ပေးထားပါသည်။ စာသင်ခန်းများကိုလည်းသက်တောင့်သက်သာဖြင့်စာကိုသင်ယူနိုင်စေရန်စီစဉ်ထားပါသည်။

စာကြည့်တိုက်နှင့် အခမဲ့ wifi
စာကြည့်တိုက်တွင် Fictions, Non-Fictions နှင့် Reference စာအုပ်များကို ထားရှိပေးထားပါသည်။ ကျောင်းသားတိုင်း Library Card ဖြင် စာအုပ်များကို ငှားနိုင်စေရန် ပြည့်ပြည့်စုံစုံ စီစဉ်ထားရှိပါသည်။ အခမဲ့ wifi ကိုလည်း Nexus Centre အနှံ့ စီစဉ်ပေးထားပါသေးသည်။

Developed by Information Matrix.