ကျောင်းသားတစ်ယောက်သည်မည်သည့်နေရာမည်သည့် ဘာသာရပ်ကို သင်ယူနေသည် ဖြစ်စေ မိမိ၏တာဝန်ကို သိရှိနားလည်ရန်မှာ အရေးကြီးပါသည်။ သင်၏ဆရာက သင့်အတွက် ဗဟုသုတနှင့် တိုးတက်ရန် အခွင့်အလမ်းများကို မည်မျှပင် လမ်းညွှန်ဖော်ဆောင် ပေးနေပါသော်လည်း သင်ကိုယ်တိုင်ကြိုးစားမှသာ သင်၏ ဘာသာစကားစွမ်းရည် တိုးတက်မည်ဖြစ်ပါသည်။ သင်ကြားသူဆရာ၏ တာဝန်မှာ သင်ကြား ဆုံးမပေးရန်ဖြစ်ပြီး သင်ယူသူ ကျောင်းသား၏ တာဝန်မှာ သင်ယူ လိုက်နာတတ်ရန် ဖြစ်ပါသည်။
- ဆရာနှင့် မိမိ၏ အတန်းဖော်များကိုလေးစားပါ။ သင်၏ ဆရာသည် သင့်အတွက် ပျော်ရွှင်ဖွယ် အကျိုးရှိသော သင်ခန်းစာများကို ပြင်ဆင်ရန် အချိန်နှင့် ဥာဏအား စိုက်ထုတ်ထားပါသည်။ ဆရာလုပ်ခိုင်းသော Activities များကိုလိုက်နာပါဝင်လုပ်ဆောင်ပါ။ Nexus သည် ဘာသာစကား သင်ယူလေ့လာရန်နှင့် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားစေနိုင်သော သင့်အတွက် နေရာကောင်းတစ်ခု ဖြစ်ပေသည်။
- မိမိ၏ အတန်းချိန်ကိုလည်းတိကျပါ။ သင်၏ ဆရာသည် စာသင်ချိန်ကို သတ်မှတ်ထားသော အချိန်တွင် အတိအကျ စမည် ဖြစ်သည်။ ဆရာနှင့် မိမိ၏ အတန်းဖော်များကို ရိုသေလေးစားသောအားဖြင့် အတန်းချိန်ကို နောက်မကျပါစေနှင့်။
- အင်္ဂလိပ်စကား ပြောဆိုရာ၌ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းသည် အဓိကသော့ချက်ဖြစ်သည်။ အမှားပါသွားသည်မှာ ပြဿနာမရှိပါ။ မှားမည်ကိုလည်း မစိုးရိမ်ပါနှင့်။ သင်မှားနေလျှင် သင့်ဆရာက ပြင်ပေးပါလိမ့်မည်။ တခုခုနားမလည်လျှင် မေးမြန်းရန် မရှက်ပါနှင့်။ဆရာကိုချက်ချင်း မေးပါ။ နားမလည်သေးလျှင် ထပ်ရှင်းခိုင်းပါ။ ဥပမာနှင့်တကွ သင်ကြားခိုင်းပါ။ သင်လက်မြောက်ရုံနှင့် ဆရာကို မေးခွန်းအလွယ်တကူ မေးနိုင်ပါသည်။ မကြားလိုက်မမီလိုက်ပါကလဲ ပြန်လည်၍ ရှင်းလင်းပြောပြစေနိုင်ပါသည်။
- သင်၏အတန်းဖော်များကို လေးစားပါ။ ကျားမမရွေး အသက်အရွယ်မရွေးမည်သည့် လူမျိုးဘာသာကိုမဆို ယဉ်ကျေးပျူငှါစွာ ဆက်ဆံပါ။ မျက်နှာလိုက်မှု ဘက်လိုက်မှု မရှိပါစေနှင့်၊၊