Nexus Language Learning Centre

ကျင်းပသည့်အချိန် ၂၀၁၀ နိုဝင်ဘာလ ၁၃ရက် နံနက် ၁၀:၀၀ မှ ၁၁:၀၀

ကျင်းပသည့်နေရာ Parkroyal

၁။ ပထမဦးစွာ အခမ်းအနားမှုးဒေါ်ဝါ၀ါသိန်းမှ အခမ်းအနားအစီအစဉ်များကိုတင်ပြပြီး အစီအစဉ် (၁) အရ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခဲ့ပါသည်။

၂။ ထို့နောက် အစီအစဉ်(၂)အရ Nexus Learning Language Centre ၏ Program Coordinator ဒေါ်ရှယ်လီလိတ်မှ Nexus Certificate Awarding Program အတွက်အမှာစကားပြောကြားပေးခဲ့ပါသည်။ Nexusပေါ်ပေါက်လာရခြင်း အကြောင်းအရင်း Nexus၏ထူးခြားချက် ဖွင့်လှစ်ခဲ့သော ဖွင့်လှစ်ရန်စီစဉ်ထားသော အတန်းများအကြောင်းပြောကြားခဲ့သည်။ အဓိကဦးတည်ပြောကြားသွားသော အချက်များမှာ အင်္ဂလိပ်စာ တတ်မြောက်မှုသည် အောင်မြင်မှု သော့ချက်တခုဖြစ်သောကြောင့် တက်ရောက်လာသော ကျောင်းသားများ အနေနှင့် အင်္ဂလိပ်စာသင်ကြားခြင်းကို ရာသက်ပန် Life Long Learning Task အဖြစ် ဆက်လက် ကျင့်သုံးသွားရန်ပြောပြီး အမှာစကားကို နိဂုံးချုပ်ခဲ့ပါသည်။

၃။ ဆက်လက်၍အခမ်းအနားအစီအစဉ်(၃)အရNexus Language Learning Centre မှ ဆရာများ အားလုံးကိုယ်စား Mr.Darren Smellie နှင့် Mr. Thomas Mc Kay တို့မှ Nexusတွင် စာသင်ကြားမှု အတွေ့အကြုံများနှင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

၎။ ထို့နောက် အခမ်းအနားအစီအစဉ်(၄)အရ ကျောင်းသားများအား Certificateများ ပေးအပ်ခဲ့ပြီး တန်းခွဲ တစ်ခုစီတွင်ရှိသော The Best Student ဆုနှင့် Funniest Student ဆုများကို သက်ဆိုင်ရာ ကျောင်းသားများသို့ အပ်နှင်းခဲ့ပါသည်။

၅။ အခမ်းအနားအစီအစဉ်(၅)အရ Level (3) B မှကျောင်းသူတစ်ဦးဖြစ်သူ မစုစန္ဒီအောင်မှ ကျောင်းသားများ အားလုံး ကိုယ်စား ဆရာ၊ဆရာမများနှင့် Nexusမှ ၀န်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

၆။ ဆက်လက်၍အခမ်းအနားအစီအစဉ်(၆)အရ နိုင်ငံခြားသို့ Exchange Student အနေနှင့် သွားရောက်ခဲ့သော ကျောင်းသား(၃)ဦးက ၎င်းတို့၏ အတွေ့အကြုံများအား မျှဝေခဲ့ပါသည်။ အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ လူငယ်လူရွယ်ကျောင်းသားများပင်ဖြစ်လင့်ကစား အင်္ဂလိပ်စာစွမ်းရည် စွမ်းဆောင်မှုမြင့်မားလျှင် အခွင့်အရေးများနှင့် အောင်မြင်မှုများရရှိနိုင်ကြောင်း ကျောင်းသားတို့အား အားပေးစကား ပြောကြားလိုခြင်း ဖြစ်ပါသည်။

၇။ အခန်းနားအစီအစဉ် (၇)အရ အခန်းနားမှူးဒေါ်ဝါဝါသိန်းမှ အပိတ်နှုတ်ဆက်ပြောကြားခဲ့ပါသည်။

၈။ အစီးအစဉ် (၈)အရ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား ကျွေးမွေးဧည့်ခံခဲ့ပါသည်။

Developed by Information Matrix.